Baan Hua Fai ရှိ Jed’s Playground တွင် ကစားရင်း အင်္ဂလိပ်ဘာသာနှင့် သင်္ချာကို သင်ကြားပေးပါသည်။ ကလေးများ၏ ယုံကြည်မှုကို တည်ဆောက်နိုင်ရန်နှင့် ပတ်ဝန်းကျင်ကမ္ဘာကို လက်တွေ့အတွေ့အကြုံဖြင့် သိရှိနိုင်ရန် Active Learning နည်းလမ်းကို အသုံးပြုသင်ကြားပါသည်။
မူကြိုအဆင့် ၃ (Kindergarten Level 3) မှ မူလတန်း အတန်း ၄ (Grade 4) အထိ ကလေးများ လက်ခံပါသည်။
ကစားကွင်းတွင် လှုပ်ရှားမှုအခြေပြု သင်ကြားရေး အစီအစဉ် ၁ နာရီ ဆောင်ရွက်ပါသည်။
Tutoring အချိန်များမှာညနေ ၄:၀၀ – ၅:၀၀ နာရီ သို့မဟုတ် ၅:၀၀ – ၆:၀၀ နာရီ ဖြစ်ပါတယ်။
တည်နေရာမှာ Baan Hua Fai ရှိ Jed ရဲ့ adobe အိမ်နောက်ဘက် ဖြစ်ပြီး အောက်ပါမြေပုံ သို့မဟုတ် link ပေးထားတဲ့ map pin ကို ကြည့်နိုင်ပါတယ်။
သင်တန်းတစ်ခုချင်းစီမှာ Tutor တစ်ယောက်နှင့် ကလေး၁ယောက်မှ ၄ယောက်အထိ ပါဝင်နိုင်ပါတယ်။
မတ်လ ၁၃ရက် နောက်ပိုင်းမှစ၍ သင်ကြားရေးအတွက် စျေးနှုန်းရွေးချယ်စရာများကိုကမ်းလှမ်းသွားမည်ဖြစ်ပါသည်။
School Break English Camp at Jed’s Playground
ဒီကျောင်းပိတ်ရက်မှာ အေးအေးဆေးဆေး အရိပ်အောက်မှာ ကလေးတွေအတွက် ပျော်ရွှင်စရာနှင့် အသုံးဝင်သည့် English Camp ကို တက်ရောက်ရန်ဖိတ်ခေါ်ပါသည်။
သင်တန်းအချိန်နှင့် ရက်စွဲ
20 April - 1 May
မနက် 9:00 မှ နေ့လည် 12:00 ထိ ( တနင်္လာ မှ သောကြာ )
စုစု ပေါင်း ၁၀ ရက်
သင်တန်းကြေး
ကလေးတစ်ယောက်ကို 3,300 Bath ( တစ်ရက် 330 Bath )
နေ့စဥ် အရသာရှိပြီး ကျန်းမာရေးအတွက် ကောင်းမွန်သည့် မုန့် များပါဝင်မှာဖြစ်ပြီး မတူညီသည့် အစားအစာများကိုနေ့တိုင်းမတူညီအောင်ပြင်ဆင်ပေးမှာဖြစ်ပါသည်။
Camp activities တွင်ပါဝင်မည့်အရာများ






စိတ်ဝင်စားပါက 092- 740- 3651 (English) သို့မဟုတ် 081-489-8580 ကိုဆက်သွယ်နိုင်ပါသည်။
Location - Baan Hua Fai မှာရှိသည့် Jed’s adobe house နောက်ဘက်တွင် တည်ရှိပါသည် ( map သို့မဟုတ် map pin မှာကြည့်နိုင်ပါသည်။ )
ကလေးတွေ သင်ယူရင်း ပျော်ရွှင်နိုင်မည့် အခွင့်အရေးကို မလွတ်အောင် လာရောက်စာရင်းသွင်းရန်ဖိတ်ခေါ်ပါသည်။