အခင်းအခြေအနေ လုံခြုံရေး ၊ 'ဘာအန္တရာယ်တွေရှိနေလဲ' Scene Safety, ask what

အရေးပေါ်အခြေအနေကို တုံ့ပြန်သူတစ်ယောက်အနေဖြင့် အန္တရာယ်လျော့နည်းစေရန် နည်းလမ်းများကို ဗျုဟာကျကျ စဉ်းစားဆင်ခြင်ခြင်း

" အခင်းအခြေအနေ ဘေးကင်းလုံခြုံရဲ့လား။ "

ဤကဲ့သို့မေးခွန်းမျိုးက အရေးပေါ်အခြေအနေ (သို့မဟုတ်) သင်တန်း တစ်ခုမှာ မေးဖို့သင့်တဲ့မေးခွန်းမျိုးမဟုတ်ပါ။ အရေးပေါ်အခြေအနေ ကိုင်တွယ်ဖြေရှင်းရသောသူတစ်ယောက်ဖို့ရာ ဤမေးခွန်းမျိုးမေးလိုက်ခြင်းက ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းနည်းသည်ကို ရည်ညွန်းရာရောက်ပေလိမ့်မည်။ အရေးပေါ်အခြေအနေ ကိုင်တွယ်ဖြေရှင်းရသောသူတစ်ယောက်အနေနဲ့ လုံခြုံမှုမရှိတဲ့အခင်းမှ ဖြစ်ပေါ်လာတဲ့အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ပဲဖြစ်ပါတယ်။အခင်းအခြေအနေ လုံခြုံမှု ရှိ/မရှိကြိုတင်ကာကွယ်ဖို့ပြင်ဆင်ရာတွင် ဟုတ်/မဟုတ် မေးခွန်းမျိုးကိုအခြေခံမစဉ်းစားဘဲ “ဘယ်အရာ” ဆိုသောမေးခွန်းမျိုး (ဥပမာ၊ ဘယ်အရာတွေက အန္တရာယ်ဖြစ်စေနိုင်သလဲ။ ) ကိုအခြေခံစဉ်းစားရပါမည်။

ကမ္ဘာကြီးဟာ အချိန်ကြာလာတာနဲ့အမျှပြောင်းလဲလာသကဲ့သို့ အရေးပေါ်အန္တရာယ်ပုံစံတွေလဲအမျိုးမျိုးတိုးလာနေပါသည်။ ပုံစံအမျိုးမျိုးနဲ့ဖြစ်ပေါ်လာတဲ့ အရေးပေါ်အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ အရေးပေါ်အခြေအနေ ကိုင်တွယ်ဖြေရှင်းရသောသူတွေဟာလည်း စဉ်းစာတွေးခေါ်ဆုံးဖြတ်ပုံတွေပိုပြီးကောင်းမွန်လာအောင် သင်ယူလေ့ကျင့်မှုတွေနဲ့ပြင်ဆင်ထားဖို့လိုအပ်ပါသည်။

အခင်းအခြေအနေကို မျက်ခြေမပျက်သတိမူခြင်း

အခင်းအခြေအနေ သတိမူခြင်းသည် အရေးပေါ်အခြေအနေကိုကိုင်တွယ်ဖြေရှင်းမှုအပေါ်သက်ရောက်မှုရှိခြင်းကို “L-180 Human Factors in the wildland Fire Service” သင်ရိုးညွန်းတမ်းက ရည်ညွန်းထားပေသည်။ အရေးပေါ်အခြေအနေ ကိုင်တွယ်ဖြေရှင်းသူတစ်ယောက်၏ ထင်မြင်ချက်၊ အခြားသူများနှင့်ချိတ်ဆက်မေးမြန်းခြင်း၊ အခင်းအခြေအနေ အကဲခတ်သုံးသပ်ပုံ၊ စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်ခြင်း အစရှိသောအချက်များသည် အခင်းအခြေအနေသတိမူပုံကို သက်ရောက်မှုရှိနေပေသည်။ အများစုထင်မြင်သကဲ့သို့ပင် အခင်းအခြေအနေကို ကျယ်ကျယ်ပြန့်ပြန့် သတိမူနိုင်ခြင်းသည် ဖြစ်ပေါ်လာမည့်အရေးပေါ်အခြေအနေကို အလျင်မြန်ဆုံး နှင့် အထိရောက်ဆုံးတုံ့ပြန်ထိန်းချုပ်နိုင်ရန် တတ်စွမ်းနိုင်မည်ဖြစ်သည်။ အခင်းပတ်ဝန်းကျင်တစ်ခွင်ကို ကနဦးစွာ ဘယ်အန္တရာယ်/အထိအခိုက်တွေရှိနေနိုင်လဲဆိုသည်ကို အကဲခတ်လေ့လာခြင်းအားဖြင့် အခင်းအခြေအနေ သတိမူနိုင်စွမ်းကိုတိုးမြင့်နိုင်ပေမည်။

အန္တရာယ်/အထိအခိုက်တွေကိုလေ့လာပြီးသည့်နောက်တွင် ထိုအရာများအားမည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို နည်းလမ်းစဉ်းစားရပေမည်။ (မှတ်ချက်၊ အန္တရာယ်ကိုဖြေရှင်းမည်ဆိုရာတွင် ထိုအန္တရာယ်/အခက်အခဲများကို လုံးဝဖယ်ရှားပစ်ရမည်ဟု မဆိုလိုပါ။ ဥပမာအားဖြင့် လိုအပ်သည်ထက်ပိုများနေသောမိသားစုဝင်ဦးရေရှိနေခြင်းသည် အရေးပေါ်အသက်ကယ်ဆယ်(CPR) လုပ်ဆောင်မှုကိုအခက်အခဲ အနှောင့်အယှက်ဖြစ်စေနိုင်သော်လည်း ထိုမိသားစုဝင်များကို အခင်းနေရာမှဖယ်ရှားစေခြင်းမျိုးမဟုတ်ပဲ မိမိတို့အဖွဲ့ဝင်တစ်ဦးမှထိုသူတို့ကိုဦးဆောင် စကားမေးမြန်းပြောဆိုနေခြင်းသည် လူနာမိသားစုဝင်များကို စိတ်သက်သာရာရစေသည်သာမက လိုအပ်သော အရေးကြီးသတင်းအချက်အလက်များကိုပါရရှိနိုင်ပေမည်။မိသားစုဝင်များကိုဖယ်ရှားလိုက်ခြင်းမျိုးမဟုတ်ပါဘဲ အထိတ်တလန့်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်ရှိသည့် အပြုအမူကို လျော့ပါးစေမည်ဖြစ်သည်။

အန္တရာယ်/အထိအခိုက်များ လျော့နည်းစေနိုင်မည့် နည်းလမ်း (၅)သွယ်

အန္တရာယ်/အထိအခိုက်များကို လျော့နည်းစေနိုင်မည့် အခြေခံကျသောနည်းလမ်း (၅)သွယ်ရှိပါသည်။ထိုနည်းလမ်းများမှာ (၁)ဖယ်ရှားခြင်း (၂)အစားထိုးခြင်း (၃)အထူးပြုနည်းလမ်းများ (၄)အုပ်ချုပ်မှုဆိုင်ရာထိန်းချုပ်နည်း (၅)တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းအသုံးပြုခြင်း အစရှိသည်တို့ဖြစ်သည်။ အခင်းအခြေအနေတူညီနေသော်လည်း အသုံးပြုရသည့်ထိန်းချုပ်နည်းလမ်းများ အမြဲမတူညီနိုင်ပါ။

  1. နည်းလမ်း(၁) ဖယ်ရှားခြင်း (Elimination)
    Road Closure Barrier

    အန္တရာယ်ရှိနေသော/ရှိလာနိုင်သော အခင်းနေရာ/အခြေအနေ မှ ရှောင်ဖယ်နေခြင်းကိုဆိုလိုပါသည်။ လူနာအားစမ်းသပ်စစ်ဆေးကုသမှုပေးဖို့ရန်ထက် လူနာ နှင့် မိမိကိုယ်တိုင်၏ အသက်အန္တရာယ်ရှိလာနိုင်သော အခင်းနေရာမှရှောင်ဖယ်ပြီး လုံခြုံမှုရှိသောနေရာသို့ ပြောင်းရွေ့ရန် ဦးစားပေးဆောင်ရွက်ရပါမည်။ထိုအန္တရာယ် အခြေအနေမတည်ငြိမ်သရွှေ့ ရှောင်ဖယ်နေရန် ဆိုလိုပေသည်။ ဥပမာအားဖြင့် သေနတ် ပစ်ခတ်မှုဖြစ်နေသောအခင်းနေရာတွင် သေနတ် ပစ်ခတ်နေမှုမပြီးစီးသရွှေ့ အခင်းနေရာထဲတွင် မဝင်သွားရန်ဖြစ်ပေသည်။
  2. နည်းလမ်း(၂) အစားထိုးခြင်း (Substitution)
    Stair Chair

    အခြားနည်းလမ်း အစားထိုးအသုံးပြုခြင်းကိုဆိုလိုပါသည်။ပုံမှန်အားဖြင့် လူနာအား အဆောက်အဦးပြင်ပသို့ခေါ်ထုတ်ရာတွင် လူနာတွန်းလှည်းကို အသုံးပြုလေ့ရှိပေသည်။ သို့သော် အဆောက်အဦးဓာတ်လှေကား ပျက်နေသည့်အခါမျိုးတွင် လှေကားသုံး လူနာသယ်လှည်းကို အသုံးပြုခြင်း၍လှေကားမှတစ်ဆင့်သယ်ဆောင်ခြင်းသည် ပုံမှန်လူနည်တွန်းလှည်းကို အသုံးပြု၍သယ်ဆောင်ခြင်းထက် အန္တရာယ်နည်းနိုင်ပေသည်။
  3. နည်းလမ်း(၃) အထူးပြုနည်းလမ်းများအသုံးပြုခြင်း (Engineered Controls)
    Top of an Oxygen Tank

    အကူပစ္စည်းကိရိယာများကို အထူးပြုပုံစံပြင်ဆင်ခြင်းမျိုးဖြစ်သည်။ဥပမာအားဖြင့် လူနာဆေးသွင်းအပ်ကိုပလပ်စတစ် အဖုံးဖြင့်ထုတ်ပိုးထားခြင်း၊ အောက်စီဂျင်အိုးကိုထိန်းထားရန် ကြိုးထိန်းတပ်ထားခြင်းတို့သည် အထူးပြုနည်းလမ်းအသုံးပြု၍ အန္တရာယ်ကြိုတင်ကာကွယ်ခြင်းမျိုးဖြစ်သည်။ သတိပေးခေါင်းလောင်း/အချက်သံ တပ်ဆင်ထားခြင်းသည်လည်း အထူးပြုနည်းလမ်းအသုံးပြုထားခြင်းမျိုးပင်ဖြစ်ပါသည်။သတိပေးခေါင်းလောင်း/အချက်သံ သည် အန္တရာယ်များကို တိုက်ရိုက်မကာကွယ်နိုင်သော်လည်း သတိပေး အချက်ပေးနိုင်သော စနစ်မျိုးဖြစ်ပေသည်။
  4. နည်းလမ်း(၄) အုပ်ချုပ်မှုဆိုင်ရာ ထိန်းချုပ်နည်း (Administrative Controls)
    Binders of Policies

    ဤနည်းလမ်းသည် အန္တရာယ်ကြုံလာချိန်တွင် အဘယ်သို့ ပြုမူရမည်ကို ကြိုတင်ပညာပေးသောလုပ်ထုံးလုပ်နည်း(သို့) အန္တရာယ်မဖြစ်ခင်ကြိုတင်ကာကွယ်သော တားမြစ်ကန့်သတ်မှု စနစ်မျိုးဖြစ်သည်။ဥပမာအားဖြင့် ကားမောင်းစဉ် ဖုန်းမသုံးရ ဟူသော တားမြစ်ကန့်သတ်မှုမျိုးဖြစ်သည်။ ထို့အပြင် အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းမည့်သူများအား ကြိုတင်စီမံမှုပြုလုပ်ခိုင်းခြင်း၊ အဖွဲ့လိုက်ကြိုတင်အစမ်းလေ့ကျင့်ခြင်းတို့ဖြစ်ပါသည်။
  5. နည်းလမ်း(၅) တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းအသုံးပြုခြင်း (Personal Protective Equipment) PPE
    Medical PPE

    တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းအသုံးပြုခြင်းသည် အရေးပေါ်အခြေအနေပုံစံပေါ်မူတည်၍ အသုံးပြုရမည့်ပစ္စည်းအမျိုးအစားကွဲပြားန်ိုင်ပါသည်။ပုံမှန်လူနာအားကိုင်တွယ်ရာတွင် ဆေးဘက်ဆိုင်ရာသုံးလက်အိတ် နှင့် ရိုးရိုးနှာခေါင်းစည်းကို အသုံးပြုနိုင်သော်လည်း ပြင်းထန်တီဘီရောဂါဖြစ်နေသူကို ကိုင်တွယ်ရာတွင် N95 ကဲ့သို့သော အထူး နှာခေါင်းစည်းကို အသုံးပြုရန်လိုအပ်ပေမည်။ ကလေးမီးဖွားပေးရမည့်အခြေအနေမျိုးတွင် ခွဲစိတ်ခန်းသုံး အကာအကွယ်ဝတ်ရုံကို ဝတ်ဆင်ရန်လိုအပ်ပါသည်။ထိခိုက်ဒဏ်ရာရလူနာအား မသန့်ရှင်းသောအခင်းဖြစ်ရာနေရာမှ ဆွဲထုတ်ရာတွင် လုပ်ငန်းသုံးလက်အိတ်အထူကိုဝတ်ဆင်ရသော်လည်း ထိုလူနာအားကိုင်တွယ်ကုသတော့မည်ဆိုလျင် ဆေးဘက်ဆိုင်ရာသုံးလက်အိတ်ကိုပြောင်းသုံးရန်လိုအပ်ပေသည်။

တစ်ခါတစ်ရံတွင် အခင်းအန္တရာယ်တစ်ခုကိုကိုင်တွယ်ဖြေရှင်းရာတွင် အထက်ပါနည်လမ်းများကိုပေါင်းစပ်အသုံးပြုရသည်မျိုးလည်းရှိပါသည်။ဥပမာအားဖြင့် ချွန်ထက်သောအပ်များကို စွန့်ပစ်ရန် သီးသန့် အမှိုက်ပုံထားခြင်းသည် အထူးပြုနည်းလမ်းကိုအသုံးပြုခြင်းဖြစ်သလို ချွန်ထက်သောအပ်များကို မည်သို့မည်ပုံပစ်ရမည်ဟု ဥပဒေသတ်မှတ်ထားခြင်းသည် အုပ်ချုပ်မှုဆိုင်ရာနည်းလမ်း ဖြစ်ပေသည်။

သတိပေးရှင်းပြထားရန်လိုအပ်သော အရေးကြီးအချက်တစ်ခုမှာ အထက်ပါနည်းလမ်းများကို အသုံးပြုသော်လည်း မပြင်းထန်သည်အန္တရာယ်ပုံစံမျိုးကို ကြုံလာနိုင်ပေသည်။

အနှစ်ချုပ်

သင့်အနီးအနားတွင် အရေးပေါ်အခြေအနေတို့ကိုလေ့လာပါ၊ “ ဘယ်အရာတွေက အန္တရာယ်ဖြစ်စေနိုင်သလဲ” ဆိုသောမေးခွန်းကိုမေးပါ။ ပြီးလျင် ထိုအန္တရာယ်ကို မည်သည့်နည်းလမ်းအသုံးပြု၍ လျော့နည်းသွားရန် ကြိုတင်ပြင်ဆင်မလဲ ဆိုသည်ကို နည်းလမ်းရှာပါ။တယ်။အခင်းအခြေအနေ လုံခြုံမှု ရှိ/မရှိကြိုတင်ကာကွယ်ဖို့ပြင်ဆင်ရာတွင် ဟုတ်/မဟုတ် မေးခွန်းမျိုးကိုအခြေခံမစဉ်းစားဘဲ “ဘယ်အရာ” ဆိုသောမေးခွန်းမျိုး (ဥပမာ၊ ဘယ်အရာတွေက အန္တရာယ်ဖြစ်စေနိုင်သလဲ။ ) ကို မေးခွန်းထုတ်ပါ။

စကားလုံးရွေးချယ်မှုမှန်ကန်ဖို့ ကူညီဆောင်ရွက်ပေးသူ Janelle Foskett နှင့် ထိုင်းဘာသာသို့ပြန်ဆိုပေးသူ K.Kunsirilanchakorn Kongpok တို့ကိုကျေးဇူးတင်ပါသည်။ ဤစာစဉ်နှင့်အတူ လူထုအကျိူးပြုဝန်ထမ်းများအတွက် သင်တန်းဖြစ်မြောက်ရေးကိုဆောင်ရွက်ပေးသော သစ်ရိပ်ဖောင်ဒေးရှင်း ၊ သင်တန်းတွင်း ဆေးဘက်ဆိုင်ရာအပိုင်းကို ကူညီသင်ပြပေးသော ဒေါက်တာကေ (ဒေါက်တာကျော်စိုးနိုင်) နှင့် မြန်မာဘာသာသို့ ပြန်ဆိုပေးသော ဒေါက်တာဟန်နီ တို့ကို အထူးပဲကျေးဇူးတင်အပ်ပါသည်။

ကိုးကား

Limmer, D., O'Keefe, M., Grant, H., Murray, R. H., Bergeron, J. D., & Dickinson, E. T. (2004). Emergency Care 10th Edition. Saddle River, NJ: Pearson Prentice Hall.

Manuele, F. A. (2006). Risk Assessment and Hierarchies of Control. ASSE Professional Development Conference and Exposition (pp. 33-39). Seattle: American Society of Safety Engineers. https://aeasseincludes.assp.org/professionalsafety/pastissues/050/05/030505as.pdf

NWCG Training Working Team (September 2008). L-180 Human Factors in Wildland Fire [Guidebook] National Wildland Coordinating Group https://www.nwcg.gov/training/courses/l-180-human-factors-in-the-wildland-fire-service-2008/course-materials

The Scope and Functions of the Professional Safety Position. (2003). ANSI/ASSP Z590.2. American Society of Safety Professionals. https://onlinelibrary.wiley.com/doi/pdf/10.1002/0471662542.app1