အခင်းအခြေအနေ အကဲခတ်သုံးသပ်ခြင်း
Scene Size-Up

ရှေးဦးသူနာပြုနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှု

အရေးပေါ်အခြေအနေတစ်ခုကို ကိုင်တွယ်ဖြေရှင်းရန် အပြင်ဘက်မှ ချဉ်းကပ်သည့်အခါမှာ အဓိကကျသည့် မေးခွန်းအချို့ကို ဖြေဆိုနိုင်ရန် ချည်းကပ်ရပါမည်။ ထိုမေးခွန်းများမှာ - ဘယ်သူတွေပါဝင်နေသလဲ၊ ဘာတွေပုံမမှန်ဖြစ်နေလဲ၊ ဘယ်လို‌လုပ်ဆောင်ရန်စီစဉ်ထားမလဲ၊ နောက်ထပ်ဘယ်လိုအကူအညီလိုအပ်နိုင်သလဲဆိုသော မေးခွန်းများဖြစ်သည်။ ယခုဆောင်းပါးကို အရေးပေါ်ဆေးပညာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာအခြေအနေများအတွက်ရေးသားထားသော်လည်း၊ အခင်းအခြေအနေအကဲခတ်သုံးသပ်ခြင်းဆိုသည့် အခြေခံမူများသည် အခြေအနေမျိုးစုံအတွက် ထပ်တူကျ‌‌သည့် ချည်းကပ်မှုသဘောတရားဖြစ်ပေသည်။ အခင်းအခြေအနေ အကဲခတ်သုံးသပ်နိုင်စွမ်းသည် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ဦးဆောင်နိုင်ပေသည်။ အခင်းအခြေအနေတစ်ခုသည် မိမိ မရောက်နှင့်ခင်တည်းက ဆိုးရွားခြင်းအတိဖြစ်နေသော အခင်း ၊ သို့မဟုတ် မိမိတို့ ကိုင်တွယ်လုပ်ဆောင်နိုင်သောအနေအထားထက် ပိုလွန်နေသော အခင်း ဖြစ်နိုင်သော်လည်း ၊ အကောင်းဆုံးသော ကြိုးစားမှုကြောင့် ထိုအခင်းကို ဘေးကင်း‌ေအာင်ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့လျင် အဆိုးဆုံးနေ့တစ်ခုဖြစ်မလာအောင်ကာကွယ်နိုင်ခဲ့သောနေ့တစ်ရက်အနေနဲ့ အမှတ်သညာ ဖြစ်ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။

အခင်းအခြေအနေကို သတိမူခြင်း (Situational Awareness)

Figure Gaining Awareness of the Situation

ဆေးဘက်ဆိုင်ရာဖြစ်စဉ် သို့မဟုတ် ထိခိုက်ဒဏ်ရာအခြေအနေတစ်ခုအား ချဉ်းကပ်ရာတွင် ပတ်ဝန်းကျင်ကို အမြဲသတိပြုကြည့်ရှုနေရန်လိုအပ်‌ပါသည်။ ဖြစ်‌‌နေသည့်အခင်းအခြေအနေများကို ကြားသိရသောအချက်အလက်၊အမြင်အာရုံတို့ဖြင့် ဂရုစိုက်စွာ အကဲခတ်လေ့လာနိုင်ရန်အတွက် အလောတကြီးမဟုတ်ပဲ ပုံမှန်အနေအထားဖြင့် လေ့လာသုံးသပ်ရန်လိုအပ်ပါသည်။ “ဘာအန္တရာယ်‌တွေ ရှိနေလဲ?” ဆိုသည့်မေးခွန်းကိုအသုံးပြုပြီး အခင်းအခြေအနေ လုံခြုံ‌ရေးကို သုံးသပ်ရန်လိုအပ်‌ကြောင်း အခင်းအခြေအနေ ဘေးကင်းလုံခြုံရေး ဆိုသောခေါင်းစဥ်ဖြင့် အခြား‌သောစောင်းပါးတစ်ခုတွင်‌ဖော်ပြခဲ့ပြီးဖြစ်သည်။

အခင်းနေရာ (Location)

location icon

တစ်စုံတစ်ဦး၏ ခေါ်ဆိုမှုကြောင့် အခင်းနေရာတစ်ခုကိုသွားဖို့ရန် လိုအပ်ပါက ထိုအခင်းနေရာဟာဘယ်နေရာမှာလဲ ၊ ဘယ်လိုသွားမှာလဲ ဆိုသည်ကို သိရှိထားရန်လိုအပ်ပါသည်။ အလားတူစွာ မိမိတို့မှ အခြားအဖွဲ့အစည်းအား အခင်းအခြေအနေနှင့်ပက်သက်၍ အကူအညီတောင်းခံရန် လိုအပ်လာပါက အခင်းနေရာကို တိကျစွာလမ်းညွန်နိုင်မလား ဆိုသည်ကို စဉ်းစားထာရပေမည်။

အခင်းအခြေအနေကို ဖော်ပြခြင်း (Describe the Situation)

ဤနေရာတွင် အပိုင်း(၂)ပိုင်းဖြင့် ဖော်ပြရန်လိုအပ်ပါသည်။ ဘယ်သူ(ဘယ်အရာ)တွေ ပါဝင်လဲ၊ ဘာတွေ ပုံမမှန်ဖြစ်နေလဲ ဆိုသည်တို့ဖြစ်သည်။ဤ(၂)ချက်ကိုသုံးသပ်ရာတွင် တစ်ပြိုင်တည်းစဉ်းစားရန်လိုအပ်ပေသည်။ ဥပမာအားဖြင့် “ လူငယ်လေး(၂)ယောက် သွေးထွက်လွန်နေပါတယ် “ ။ ထိုကဲ့သို့ ဘယ်သူ/ဘယ်အရာတွေ နဲ့ ဘာတွေဖြစ်နေလဲဆိုတာအသေးစိတ်သိရပါမည်။

ပထမအပိုင်း : ဘယ်သူ ၊ ဘယ်အရာ တွေပါဝင်နေလဲ (Who or What)

ဘယ်သူဟာလူနာလဲ၊ အခင်းအခြေအနေနဲ့ပက်သက်ပြီး အပေါ်ယံခြုံငုံစဉ်းစားမည့်ကနဦးအဆင့်တွင်ပင် ဘယ်သူဟာလူနာလဲဆိုတာ ပိုင်းခြားပြီးသားဖြစ်ရပေမည်။

နောက်ဆုံးမေးခွန်းအတွက် စဉ်းစားသုံးသပ်ခြင်းအားဖြင့် လူနာသည် အသက်အန္တရာယ်ရှိနေသောအခြေအနေဟုတ်/မဟုတ်သိနိုင်ပေသည်။

ဒုတိယအပိုင်း : ဘာတွေ ပုံမမှန်ဖြစ်နေလဲ (Not Normal)

ထိုမေးခွန်းအတွက် “ဒဏ်ရာရရှိလာပုံ” ၊ “ရောဂါအခြေအနေ” ကဲ့သို့သော အထူးစကားလုံးများကိုအသုံးပြုခြင်းအားဖြင့် ဘယ်အရာတွေဟာ ပုံမှမဟုတ်ဘူးလဲဆိုတာကို စဉ်းစာနိုင်ပေသည်။ထိခိုက်ဒဏ်ရာရအခင်းမျိုးတွင်း သိရှိနိုင်သော “ပုံမှန်မဟုတ်သည့် အခြေအနေ” ဆိုသည်မှာ

ရောဂါအခြေအနေတစ်ခုကြောင့် အရေးပေါ်ဖြစ်နေသောအခင်းနေရာတွင် အခင်းပတ်လည်ကြည့်ရှု့နေစဉ်အတွင်းတွေ့ရှိရသောတစ်ချို့သောအချက်များသည် လူနာအခြေအနေသုံးသပ်ရာတွင် ကူညီနိုင်ပေသည်…

အများစုသောလူနာသည် ခန္ဓာကိုယ်၏အနာကျင်ဆုံးသောနေရာကို ဆုတ်ကိုင်ထားတတ်ကြသည်။

အခင်းအား အစီစဉ်တကျကိုင်တွယ်ဖြေရှင်းခြင်း (Plan)

ဘယ်အရာကို စတင်ပြီးလုပ်ဆောင်မလဲဆိုသည်ကို စဉ်းစားရပါမည်။ များသောအားဖြင့် လူနာကိုစမ်းသပ်စစ်ဆေးရန်သာ ဦးစွာစဉ်းစားတတ်ကြသည်။ သို့ပေမယ့် တစ်ခါတစ်ရံ လူနာစမ်းသပ်ခြင်းမလုပ်ဆောင်မှီ တစ်ခြားသောအရာများကိုဦးစွာကိုင်တွယ်ဖြေရှင်းရသည်တို့ရှိပါသည်။ လူနာကိုစမ်းသပ်စစ်ဆေးခြင်းမလုပ်ဆောင်ခင် အခင်းနေရာတွင်ရှိနေသောအန္တရာယ်တို့ကို ဖယ်ရှာခြင်းကိုဦးဆောင်လုပ်ဆောင်ရနိုင်ပါသည်။ဥပမာအားဖြင့်…

တွေ့ရှိလာမည့်အချက်များပေါ်အခြေခံ၍ လုပ်ဆောင်/ပြုပြင် နိုင်သောအစီစဉ်များကို ဦးစွာသတ်မှတ်ထားရပါမည်။

ပြင်ပအကူအညီများအတွက်ပြင်ဆင်ခြင်း (Additional Resources)

အရေးအပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အဖွဲလိုက်လုပ်ဆောင်နိုင်စွမ်းလိုအပ်ပါသည်။ အရေးပေါ်အခင်းအခြေအနေတစ်ခုကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ဖို့ရာ မတူညီသောတာဝန်များအား မည်သူလုပ်ဆောင်မည်ကို မှန်မှန်ကန်ကန် သတ်မှန်နိုင်ရန်လိုအပ်ပါသည်။အမျိုးစုံသော အရေးပေါ်အခြေအနေများအတွက် အကူအညီတောင်းခံနိုင်သော အဖွဲ့အစည်းများ…

ALS Ambulance from Mae Sot Ram Hospital Ladder truck at Mae Sot City Fire Department

မည်သူ့ထံအကူအညီတောင်းနိုင်သည်ကိုသိရန်အတွက် မိမိပတ်ဝန်းကျင်တွင် မည့်သည့်အဖွဲ့အစည်းများရှိသည်ကိုသိရှိထားရန်အရေးကြီးပါသည်။ ထိုကဲ့သို့ အကူအညီပေးရန်ရောက်ရှိလာသော ကယ်ဆယ်ရေးအကူအညီပေးအဖွဲ့များအား မိမိတို့သိရှိပြီးသားအန္တရာယ်တို့ကို သတိပေးခြင်းဖြင့်ကူညီရပါမည်။

အနှစ်ချုပ်

အရေးပေါ်အခြေအနေ သတိပြုသုံးသပ်းနိုင်ရန်အတွက် အောက်ပါမေးခွန်းများကိုစဉ်းစားထားရပါမည်။

အရေးပေါ်အခြေအနေကိုင်တွယ်ဖြေရှင်းတစ်ယောက်မနေဖြင့် အခက်အခဲ ဒုက္ခရောက်နေသူများအတွက် အကူအညီ နှင့် ဂရုစိုက်မှုကိုယူဆောင်လာရပါမည်။ထို အကူအညီ နှင့် ဂရုစိုက်မှုတို့ကို လုပ်ဆောင်ပေးနိုင်ရန်အတွက် အခင်းအခြေအနေကို နားလည်သုံးသပ်နိုင်ရန် ကြိုးစားရပေမည်။

စကားလုံးရွေးချယ်မှုမှန်ကန်ဖို့ ကူညီဆောင်ရွက်ပေးသူ Christine Lustik နှင့် ထိုင်းဘာသာသို့ပြန်ဆိုပေးသူ K.Kunsirilanchakorn Kongpok တို့ကိုကျေးဇူးတင်ပါသည်။ ဤစာစဉ်နှင့်အတူ လူထုအကျိူးပြုဝန်ထမ်းများအတွက် သင်တန်းဖြစ်မြောက်ရေးကိုဆောင်ရွက်ပေးသော သစ်ရိပ်ဖောင်ဒေးရှင်း ၊ သင်တန်းတွင်း ဆေးဘက်ဆိုင်ရာအပိုင်းကို ကူညီသင်ပြပေးသော ဒေါက်တာကေ (ဒေါက်တာကျော်စိုးနိုင်) နှင့် မြန်မာဘာသာသို့ ပြန်ဆိုပေးသော ဒေါက်တာဟန်နီ တို့ကို အထူးပဲကျေးဇူးတင်အပ်ပါသည်။


ကိုးကား

Limmer, D., O'Keefe, M., Grant, H., Murray, R. H., Bergeron, J. D., and Dickinson, E. T. (2004). Emergency Care 10th Edition. Saddle River, NJ: Pearson Prentice Hall.

McEvoy, D., Moore, G., and Blelcher, J. (2012). Wilderness Medicine 12th Edition. Missoula, MT: Aerie Backcountry Medicine.