နှလုံးခုန်နူန်းတိုင်းတာခြင်း Heart Rate

ရှေးဦးသူနာပြုစုခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးသမားများအတွက်

တစ်မိနစ်အတွင်း နှလုံးခုန်နှုန်းအရေအတွက် (သို့မဟုတ်) စိတ်ကူးယဉ်ဆန်သူများအတွက် နှလုံးခုန်နှုန်း၏ အကြိမ်အရေအတွက်ဖြစ်သည်။ ၎င်းကို သွေးလွှတ်ကြောတစ်ခုရှိ သွေးခုန်နှုန်းကို စမ်းသပ်ခြင်းဖြင့် တိုင်းတာသည်။ ပုံမှန်အားဖြင့် လူကြီးများအတွက် လက်ကောက်ဝတ် သွေးလွှတ်ကြော (radial artery)၊ ကလေးငယ်များအတွက် လက်မောင်း သွေးလွှတ်ကြော (brachial artery) နှင့် တုံ့ပြန်မှုမရှိသော လူနာများအတွက် လည်ပင်း သွေးလွှတ်ကြော (carotid artery) တို့တွင် စမ်းသပ်လေ့ရှိသည်။

feeling a radial pulse
Where to feel the pulse on a child's arm
feeling a carotid pulse

ကျွန်ုပ်တို့သည် နာရီ သို့မဟုတ် စက်နာရီကို ကြည့်၍ ၁၅ စက္ကန့် (သို့မဟုတ်) စက္ကန့် ၃၀ အတွင်း ခံစားရသော နှလုံးခုန်နှုန်း အရေအတွက်ကို ရေတွက်ပါသည်။ အခင်းဖြစ်ပွါရာနေရာတွင် ဘက်တီးရီးယားများ ကူးစက်ခြင်းမှ ရှောင်ရှားနိုင်ရန် ကိုယ်ပိုင်လက်ကိုင်ဖုန်းများကို အချိန်မှတ်နာရီ (timer) အဖြစ် အသုံးပြုခြင်းကို ရှောင်ရန် ကျွန်ုပ်အကြံပြုပါသည်။ ၁၅ စက္ကန့်ဖြင့် ရေတွက်ပါက စုစုပေါင်း နှလုံးခုန်နှုန်း (Heart Rate) ကိုရရှိရန် ၄ ဖြင့် မြှောက်ရပါမည်။ ၃၀ စက္ကန့်ဖြင့် ရေတွက်ပါက နှလုံးခုန်နှုန်းကို ရရှိရန် ၂ ဖြင့် မြှောက်ရပါမည်။

ဥပမာနှစ်ခုမှာ -

၁၅ စက္ကန့်အတွင်း နှလုံးခုန်နှုန်း ၁၆ ချက် ကို ခံစားရပါက၊ နှလုံးခုန်နှုန်းသည် ၆၄ ဖြစ်သည် (၁၆ x ၄ = ၆၄)။

၃၀ စက္ကန့်အတွင်း နှလုံးခုန်နှုန်း ၃၇ ချက် ကို ခံစားရပါက၊ နှလုံးခုန်နှုန်းသည် ၇၄ ဖြစ်သည် (၃၇ x ၂ = ၇၄)။

နှလုံးခုန်နှုန်း၏ ပုံမှန် ခန့်မှန်းခြေ ပမာဏများ

 အသက်အုပ်စု   အသက်အပိုင်းအခြား   တစ်မိနစ်လျှင် ခုန်နှုန်း 
မွေးကင်းစ ၀-၁ ၈၀-၁၆၀ (80-160)
ကလေးငယ် ၁-၃ ၈၀-၁၃၀ (80-130)
ကလေးများ ၃-၅ ၈၀-၁၁၀ (80–110)
 ဆယ်ကျော်သက်  ၅-၁၂ ၇၀-၁၀၀ (70–100)
ဆယ်ကျော်သက်များ ၁၂-၁၈ ၆၀-၁၀၀ (60-100)
လူကြီးများ ၁၉-ကျော်လွန် ၆၀-၁၀၀ (60-100)

ဤပြထားသော ကိန်းဂဏန်းများသည် ထိခိုက်ဒဏ်ရာရမှုကြောင့် စိတ်လှုပ်ရှားနေသော လူနာများ သို့မဟုတ် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို မြင်တွေ့သောအခါ စိတ်ခံစားမှုတုံ့ပြန်မှုကြောင့် မြင့်တက်လာသော နှလုံးခုန်နှုန်းကို ကိုယ်စားမပြုကြောင်း မှတ်သားပါ။

Showing the heart rate listed on a blood pressure device

သွေးတွင်းအောက်စီဂျင်တိုင်းစက်များနှင့် လျှပ်စစ်သွေးပေါင်ချိန်တိုင်းစက် များကလည်း နှလုံးခုန်နှုန်းကို ပြသလေ့ရှိပါသည်။ လူနာသည် တုန်ခါခြင်း သို့မဟုတ် ချမ်းတုန်ခြင်း ဖြစ်ပေါ်ပါက ထိုစက်ပစ္စည်းများက နှလုံးခုန်နှုန်းကို မှားယွင်းစွာ ပြသနိုင်သည်။ သံသယဖြစ်ပါက နှစ်ကြိမ်စစ်ဆေးပါ။

ထိုင်းဘာသာသို့ပြန်ဆိုပေးသူ K. Mink တို့ကိုကျေးဇူးတင်ပါသည်။ သင်တန်းတွင်း ဆေးဘက်ဆိုင်ရာအပိုင်းကို ကူညီသင်ပြပေးသော ဒေါက်တာကေ (ဒေါက်တာကျော်စိုးနိုင်) နှင့် မြန်မာဘာသာသို့ ပြန်ဆိုပေးသော ဒေါက်တာဟန်နီ တို့ကို အထူးပဲကျေးဇူးတင်အပ်ပါသည်။ ဓာတ်ပုံရိုက်ကူးရာတွင် ကူညီပေးသော Yai Lee ၊ ပီတကန် ကယ်ဆယ်ရေး- မဲဆောက် ၊ နှင့် ဒေါက်တာဟန်နီ တို့ကို ပြီးပြည့်စုံတဲ့ရလာဒ်တွေ ဖြစ်လာရန်မှာ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။


ကိုးကား

Arts, M. M. (2024, July 10). What is a Normal Sleeping Heart Rate By Age? Retrieved from Manhattan Cardiology Care: manhattancardiologycare.com/blog/what-is-a-normal-sleeping-heart-rate-by-age

Cleveland Clinic. (2023, March 15). Vital Signs. Retrieved from Cleveland Clinic: my.clevelandclinic.org/health/articles/10881-vital-signs

Limmer, D. O. (2007). Emergency Care 10th Ed. Upper Saddle River, New Jersey: Pearson Education Inc.

Lapum, J. L., Verkuyl, M., Garcia, W., St-Amant, O., and Tan, A. (2018). Vital Sign Measurement Across the Lifespan. Toronto: Ryerson University.

McEvoy, D., and Harper, T. (2024). Wilderness Medicine, 15th ed. . Missoula, Montana: Aerie Backcountry Medicine.

Sapra A, M. A. (2023, May 1). Vital Sign Assessment. StatPearls.