မျက်လုံးပေါက် (Pupils)
တစ်စုံတစ်ယောက်ရဲ့စိတ်ကို စိုက်ကြည့်ခြင်း

ရှေးဦးသူနာပြုစုခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးသမားများအတွက်

looking at a patient's eyes

ဒီနေရာမှာ လူနာရဲ့ မျက်လုံးအလယ်ဗဟိုရှိ အနက်ရောင်စက်များဖြစ်တဲ့ pupil (မျက်လုံးပေါက်) တွေရဲ့ အရွယ်အစားကို ကြည့်ပြီး၊ အလင်းရောင်ပေးတဲ့အခါ ဘယ်လိုတုံ့ပြန်သလဲဆိုတာကို စစ်ဆေးပါတယ်။ Pupil ဆိုတာ မျက်လုံးအတွင်းကို အလင်းရောင် ဝင်နိုင်ရန် ခွင့်ပြုထားတဲ့ အပေါက်များ ဖြစ်ပါတယ်။

Parts of the Eye

အလင်းရောင် နည်းတဲ့နေရာ၊ ဥပမာ အမှောင်ခန်းထဲမှာဆိုရင် pupil (မျက်လုံးပေါက်) တွေက အလင်းပိုဝင်လာနိုင်အောင် ကျယ်လာပါတယ် (dilate)။ အလင်းရောင် များတဲ့နေရာ၊ ဥပမာ နေရောင်ပြင်းတဲ့ ကမ်းခြေမှာဆိုရင်တော့ pupil တွေက အလင်းဝင်မှု လျော့နည်းစေရန် ကျဉ်းသွားပါတယ် (constrict)။ ဒီလို pupil တွေ ဖွင့်ခြင်း၊ ပိတ်ခြင်းကို ဦးနှောက်က ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် pupil ကို စစ်ဆေးတဲ့အခါ မျက်လုံးတင်မကဘဲ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကိုပါ စစ်ဆေးနေခြင်း ဖြစ်ပါတယ်။

Dilated Eye Constricted Eye

အလင်းရောင်အပေါ် တုံ့ပြန်မှု (Reactivity)

လူနာက အခန်းအတွင်းဒါမှမဟုတ်မှောင်သောနေရာမှာ ရှိနေပါက၊ သူတို့ရဲ့ မျက်လုံးထဲကို မီးထိုးပြီး pupil က အလင်းကြောင့် မြန်မြန်ကျဉ်းသွားတာကို ကြည့်စစ်ဆေးပါတယ်။ ဒီ reactivity ကို စစ်ဆေးဖို့ pen light လေးတွေကို အသုံးပြုကြပါတယ်။ Flashlight ကိုလည်း အသုံးပြုနိုင်ပေမယ့်၊ အလင်းပြင်းတဲ့ flashlight ကို လူနာရဲ့ မျက်လုံးထဲ တိုက်ရိုက်ထိုးခြင်းကို ရှောင်သင့်ပါတယ်။ အဖွဲ့ထဲမှာ အလွန်အလင်းပြင်းတဲ့ tactical flashlight ကို သုံးတတ်တဲ့သူ တစ်ယောက်တော့ အမြဲရှိတတ်ပါတယ်။ ဒါကြောင့် flashlight ကို မျက်လုံးထဲ တိုက်ရိုက်မထိုးဘဲ၊ လူနာရဲ့ မျက်နှာဘေးဖက်ကိုမီးထိုးပြီးအလင်းရောင်ကို အသုံးပြုသင့်ပါတယ်။

Checking eyes with a light

လူနာက နေရောင်အောက် အပြင်မှာ ရှိနေပါက၊ အလင်းပေးမယ့်အစား အလင်းကို ခဏပိတ်ပြီး စစ်ဆေးနိုင်ပါတယ်။ လူနာရဲ့ မျက်လုံးကို စက္ကန့်အနည်းငယ်ခန့် ဖုံးထားပြီး၊ ထို့နောက် ပြန်ဖွင့်ကာ အလင်းရောင်ထိတွေ့စေပါ။ အလင်းရောင်ထိတွေ့တဲ့အချိန်မှာ pupil က ချက်ချင်း ကျဉ်းသွားသင့်ပါတယ် (constrict)။ ဒါကြောင့် ဒီနည်းလမ်းကို အသုံးပြုတဲ့အခါ pupil ရဲ့ တုံ့ပြန်မှုကို သေချာစွာ အနီးကပ် ကြည့်ရှုဖို့ လိုအပ်ပါတယ်။

နှစ်ဖက်ညီမှု (Equal)

Pupil ရဲ့ အရွယ်အစားကို စစ်ဆေးတဲ့အခါ ဘယ်မျက်လုံးနဲ့ ညာမျက်လုံးကို အကြမ်းဖျင်း နှိုင်းယှဉ်ကြည့်ပါတယ်။ မျက်လုံးနှစ်ဖက်က အရွယ်ပုံစံအားဖြင့်တူညီနေသလားဆိုတာကို စစ်ဆေးခြင်း ဖြစ်ပါတယ်။ အကယ်၍ မျက်လုံးတစ်ဖက် သို့မဟုတ် ဦးနှောက်တစ်ဖက်မှာ ထိခိုက်ဒဏ်ရာရှိပါက pupil အရွယ်အစား မတူညီခြင်း ဖြစ်နိုင်ပါတယ်။

Pupil တွေမှာ ပုံမှန်မဟုတ်တာ တစ်ခုခု တွေ့ရပါက လူနာ သို့မဟုတ် မိသားစုဝင်ကို “ပုံမှန်ဆိုရင် ဘယ်လိုရှိတတ်လဲ?” ဟု မေးသင့်ပါတယ်။ တခါတရံ pupil တစ်ဖက်က တုံ့ပြန်မှုမရှိဘဲ အခြားတစ်ဖက်နဲ့ မတူတာတွေ့လို့ စိုးရိမ်ရပေမယ့်၊ နောက်မှ လူနာက မျက်လုံးတစ်ဖက် မမြင်တာ သို့မဟုတ် မျက်လုံးအတု တပ်ထားတာ ဖြစ်နေတတ်ပါတယ်။


Pupil တစ်ခုတည်းကို ကြည့်ပြီးတော့ လူနာအခြေအနေကို အပြည့်အစုံ မသိနိုင်ပါ။ တခါတရံ ပုံမှန်မဟုတ်တဲ့ pupil တွေဟာ ဆေးဝါးများ၊ အဆိပ်သင့်မှု၊ သို့မဟုတ် stroke ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ pupil ကို တွေ့ရှိတဲ့အခါ လူနာရဲ့ medical history ကို သေချာစွာ သိရှိဖို့ အရေးကြီးပါတယ်။

her eyes

ကိုးကား

Limmer, D. O. (2007). Emergency Care 10th Ed. Upper Saddle River, New Jersey: Pearson Education Inc.

McEvoy, D., & Harper, T. (2024). Wilderness Medicine, 15th ed. . Missoula, Montana: Aerie Backcountry Medicine.

Sapra A, M. A. (2023, May 1). Vital Sign Assessment. StatPearls.