လူနာ၏ရောဂါရာဇဝင် Patient History

ရှေးဦးသူနာပြုနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှု

ရှေးဟောင်းပုံပြင်တစ်ပုဒ်မှာ မျက်မမြင်ခြောက်ယောက်က ဆင်တစ်ကောင်ရဲ့ မတူညီတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုကိုင်တွယ်စမ်းသပ်ပြီး ဘာတိရစ္ဆာန်ဖြစ်တယ်ဆိုတာကို တစ်ယောက်နဲ့တစ်ယောက် အပြိုင်ငြင်းခုံနေကြတယ် ဆိုပြီးပြောဆိုတာမျိုးကြားခဲ့ဖူးသည်။ကျွန်ုပ်တို့အနေနဲ့ လူနာရဲ့စမ်းသပ်စစ်ဆေးမှုမှရရှိလာတဲ့ အချက်တစ်ချက်လောက်ကိုသာအခြေခံပြီး ရောဂါအခြေအနေကိုသုံးသပ်တာမျိုးကိုရှောင်ရပါမည်။အဲ့အစား ထိုစမ်းသပ်စစ်ဆေးမှုမှရရှိလာတဲ့ အချက်အလက်အားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ လူနာကဘာဖြစ်နေတယ်ဆိုတာကိုနားလည်နိုင်အောင်ကြိုးစားရမည်။မျက်မမြင်တွေဟာ သူတို့တစ်ဦးချင်းစီ သိရှိနားလည်တဲ့ အချက်အားလုံးကို စုပေါင်းပြီးစဉ်းစားပါက ဆင်ဖြစ်တယ်ဆိုတာကိုနားလည်နိုင်ပေသည်။

လူနာတစ်ယောက်ကို စစ်ဆေးကုသနိုင်ရန်အတွက် အခင်းအခြေအနေကို သုံးသပ်လေ့လာခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရသောအခြေအနေ ရှိ မရှိ စစ်ဆေးခြင်း၊ လူနာ၏အဓိက ဝေဒနာအားဖော်ထုတ်မေးမြန်းခြင်း ဆိုသည့် အချက်များမှ စတင်ရပါမည်။ ယခုအဆင့်မှတစ်ဆင့် လူနာရာဇဝင်ကို မေးမြန်းခြင်းဖြင့် အသေးစိတ်အချက်အလက်များကို ရရှိနိုင်ပါသည်။ ရရှိသော အချက်အလက်များကို စိတ်တွင်ပုံဖော်ကြည့်နိုင်ပါသည်။ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအများစုသည် ယခု မေးခွန်းများကိုမှတ်မိလွယ်နိုင်ရန် အင်္ဂလိပ် စကားလုံး SAMPLE နှင့် OPQRST ဖြင့်မှတ်ထားကြပါသည်။ မည့်သည့်နည်းဖြင့် မှတ်ထားထား အဓိကမှာ လူနာကိုစမ်းသပ်ရာတွင် အသုံးဖို့သာအဓိကဖြစ်ပါသည်။

OPQRST Acryonm
SAMPLE History Acryonm

‘S’ ဆိုသောစကားလုံးသည် လူနာ၏ ဝေဒနာ လက္ခဏာစမ်းသပ်စစ်ဆေးခြင်းကို ဆိုလိုပါသည်။

လူနာ၏ဝေဒနာ နှင့် ရောဂါလက္ခဏာ (Signs and Symptoms)

ရောဂါလက္ခဏာ ဆိုသည်မှာ လူနာ၏ကျန်းမာရေးအခြေအနေနှင့်ပက်သက်၍ အတည်ပြုသက်မှတ်နိုင်ရန်အတွက် အထောက်အကူပြုဆုံးအချက်များထဲတွင် ပါဝင်ပါသည်။

ရောဂါလက္ခဏာဆိုသည်မှာ လူနာ သို့မဟုတ် လူနာမိသားစုမှ ပြောပြသည့် ရောဂါဝေဒနာနှင့်ပက်သက်သော အချက်အလက်များ ဖြစ်သည်။ လူနာဆီမှ မှန်ကန်သော ရောဂါဆိုင်ရာအချက်အလက်ကိုရရှိနိုင်ရန်အတွက် လူနာနှင့်ယုံကြည်မှုတည်ဆောက်ရပေမည်။ လက္ခဏာများနှင့်ပတ်သက်သည့် မေးခွန်းများကို မှတ်မိရန် အသုံးပြုလေ့ရှိသော အတိုကောက်စကားလုံးမှာ OPQRST ဖြစ်သည်။

အင်္ဂလိပ်စကား သုံးနူန်းမဟုတ်သူများအနေနှင့် ‘ဘယ်အချိန်’၊ ‘ဘာ’၊ ‘ဘယ်လို’၊ ‘ဘယ်နေရာ’၊ ‘အရေအတွက်’၊ နှင့် ‘မတိုင်ခင်’ ဆိုသည့် စကားလုံးများကို အသုံးပြု၍မေးခွန်းမေးရာတွင် ဂရုတစိုက်မေးမြန်းရန်အကြံပြုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် အင်္ဂလိပ်စာနှင့်ပက်သက်၍ အခက်အခဲရှိသူများတွင် ဉာဏ်ကောင်းသူများပင် ထိုစကားလုံးများနှင့်မေးမြန်းသောမေးခွန်းများ၏ အဓိပ္ပာယ်ကို တိတိကျကျနားလည်နိုင်ရန် ရုန်းကန်နေရသည်ကို မကြာခဏ တွေ့မြင်ရသောကြောင့် ဖြစ်သည်။

စာရေးသားခြင်းသင်တန်းတစ်ခုလို စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့သည် ‘ဘယ်အချိန်၊ ဘာ၊ ဘယ်လို၊ ဘယ်နေရာ’ စသည့်မေးခွန်းများကို ဖြေရှင်းပြီး စာဖတ်သူအား ကျွန်ုပ်တို့ဘယ်အရာကိုဦးတည်စဉ်းစားနေသည်ကို စိတ်ကူးပုံဖော်နိုင်ရန် လုပ်ဆောင်ရပါသည်။ ဤမေးခွန်းများကို မေးခြင်းဖြင့် လူနာသည် မည်သည့်ဝေဒနာခံစားနေရသည်ကို စိတ်ထဲတွင် ပုံဖော်နိုင်ပါသည်။ လူနာ၏ဝေဒနာ သို့မဟုတ် ကုသနိုင်မည့်နည်းလမ်းနှင့်ပတ်သက်သည့် အရေးကြီးသော ဆေးဘက်ဆိုင်ရာအချက်အလက်များ ကျန်ရှိနေပါသေးသည်။ ၎င်းတို့မှာ ‘SAMPLE’ ဟူသောအတိုကောက်စကားစုရှိ ‘AMPLE’ မေးခွန်းများ ဖြစ်ပါသည်။

ယခုကဲ့သို့ မေးခွန်းများသည် လူနာကြုံတွေနေသော ကျန်မားရေး/ရောဂါ ဆိုင်ရာအခြေအနေကို စိတ်တွင်ပုံဖော်နိုင်ရန် အထောက်အကူပြုပေသည်။ အစတွင်ဖော်ပြခဲ့သောရှေးပုံပြင်ကဲ့သို့ပဲ မျက်စိမမြင်သော်လည်း မိမိဉာဏ်ပညာအသုံးချရှုမြင်ခြင်းဖြင့် ဆင်ဖြစ်ကြောင်းကို သိရှိနိုင်ပေသည်။

ထိုင်းဘာသာသို့ပြန်ဆိုပေးသူ K. Mink တို့ကိုကျေးဇူးတင်ပါသည်။ ဤစာစဉ်နှင့်အတူ လူထုအကျိူးပြုဝန်ထမ်းများအတွက် သင်တန်းဖြစ်မြောက်ရေးကိုဆောင်ရွက်ပေးသော သစ်ရိပ်ဖောင်ဒေးရှင်း ၊ သင်တန်းတွင်း ဆေးဘက်ဆိုင်ရာအပိုင်းကို ကူညီသင်ပြပေးသော ဒေါက်တာကေ (ဒေါက်တာကျော်စိုးနိုင်) နှင့် မြန်မာဘာသာသို့ ပြန်ဆိုပေးသော ဒေါက်တာဟန်နီ တို့ကို အထူးပဲကျေးဇူးတင်အပ်ပါသည်။

ကိုးကား

Limmer, D., O'Keefe, M., Grant, H., Murray, R. H., Bergeron, J. D., and Dickinson, E. T. (2004). Emergency Care 10th Edition. Saddle River, NJ: Pearson Prentice Hall.

McEvoy, D., Moore, G., and Blelcher, J. (2012). Wilderness Medicine 12th Edition. Missoula, MT: Aerie Backcountry Medicine.

McNamara, E. C. (2020). Outdoor Emergency Care: A Patroller’s Guide to Medical Care (6th Edition). Burlington, MA: Jones and Bartlett Learning.