လူနာအား ကနဦးအဆင့် စမ်းသပ်စစ်ဆေးခြင်း Initial Assessment

ရှေးဦးသူနာပြုနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှု

နာမကျန်းဖြစ်သူ (သို့) ထိခိုက်ဒဏ်ရာရသူတစ်ယောက်အား ကူညီ ကယ်ဆယ်ရာတွင် လူနာ၏ ကျန်းမာရေးဆိုင်ရာ ပြဿနာကို နားလည်နိုင်ရန် လေ့လာရပေမည်။ နိဂုံးဖြစ်သော ကုသမှု၊ကယ်ဆယ်မှု အပိုင်းကိုသာအာရုံထားနေခြင်းသည် မှားယွင်းသော ကုသကယ်ဆယ်ရေးဆုံဖြတ်ချက်များဖြစ်သွားနိုင်သည့်အတွက် ထိုအပြုအမှုမျိုးကို သတိထားရှောင်ကြည်ရပါမည်။ အရေးပေါ်ကုသကယ်ဆယ်ရေးပြုလုပ်ရသူတစ်ယောက်အနေဖြင့် “ထပ်တိုး ဒဏ်ရာမဖြစ်စေရ” ဟူသောဆောင်ပုဒ်အတိုင်းလိုက်နာရန် လိုအပ်ပေသည်။လူနာ၏အခြေအနေကိုသုံးသပ်နိုင်ရန်အတွက် လူနာတွင် အသက်အန္တရာယ်ဆုံးရှုံးစေနိုင်သော ကျန်မာရေးအခြေအနေ (သို့) ထိခိုက်ဒဏ်ရာ ရှိ မရှိကို ဦးစွာစမ်းသပ်စစ်ဆေးရပါမည်။

ယခုဆောင်းပါးသည် ထိခိုက်ဒဏ်ရာ (သို့) နာမကျန်းသူလူနာအား ကုသကယ်ဆယ်ရေးလုပ်ဆောင်မည့် အရေးပေါ်အခြေအနေတုံ့ပြန်ဖြေရှင်းသူများအတွက်ဖြစ်ပါသည်။ရှေ့ဆောင်းပါးများတွင် အရေးပေါ်အခင်းတစ်ခုကိုရောက်နေသူအဖို့ အခင်းအခြေအနေလုံခြုံခြင်းအခင်းအခြေအနေသုံးသပ်ခြင်း ခေါင်းစဉ်ဖြင့် ဖတ်ရှု့နိုင်ပါသည်။ လူနာအား ကုသကယ်ဆယ်ရာတွင် အသင်းအဖွဲ့တစ်ခုအနေဖြင့် စုပေါင်းလုပ်ဆောင်ရပါမည်။ပြင်းထန်ဒဏ်ရာနှင့်အရေးပေါ်အခြေနေနှစ်မျိုးလုံးတွင် တူညီသောကနဦးအကဲဖြတ်မှု ဖြင့်စတင်ပြီးထိုတွေ့ရှိသောအကဲဖြတ်မှုနှင့်ကိုက်ညီသော နည်းလမ်းဖြင့်သာ လုပ်ဆောင်ကြရန်နားလည်ရမည်။

အကဲဖြတ် → ရှာဖွေ/ရောဂါရှာဖွေ → တွေရှိချက်အတိုင်းကုသရန် → အကဲပြန်ဖြတ်ကြည့်

အရေးပေါ်ကုသကယ်ဆယ်ရေးလုပ်ဆောင်သူများအနေဖြင့်တစ်ခုသိနားလည်ထားရမည်မှာ တချို့သောလူနာများအားအကဲဖြတ်ကြည့်ရှုရာတွင် ကျွန်တော်တို့လုပ်ပေးနိုင်သောတစ်ခုတည်းသောအရာမှာ လူနာအားတတ်ကျွမ်းနားလည်သည့်ဆရာဝနများစီသို့ညွှန်ကြားရန်လိုအပ်ကြောင်းဖြစ်သည်။

ကနဦးအကဲဖြတ်ရန်မေးခွန်းများ

လူနာတွင်အမှန်တကယ်ဘာဖြစ်နေသလဲဆိုသည်ကိုသိရှိစေရန် ကျွန်ုပ်တို့ကမိမိကိုယ်ကိုအဖွင့်မေးခွန်းများမေးရန်လိုအပ်ပေသည်။ဥပမာ အားဖြင့် (လူနာဘာလိုဖြစ်နေသလဲ) ထိုမေးခွန်းကိုလူနာရှိရာသိုသွားစဉ်တွင်မေးရမည်။ အခြေနေဆိုးသလား ၊ အခြေနေမဆိုးဘူးလား စတွေးရမည် ။

ဒီလိုတွေးခြင်းအားဖြင့် ကျွန်တော်တို့ကို ဘယ်လောက်မြန်မြန်နှင့်ဘယ်အရာတွေအဓိကထားလုပ်ဆောင်ရမည်စသဖြင့် အကြမ်းဖျင်းသိရနိုင်သည်။ ဘာတွေဖြစ်နေလဲ ဆိုသည်ကို ဖော်ပြနိုင်သောအချက်လက်အချို့ကိုလည်းရရှိနိုင်သည်။ လူနာတစ်ဦးအားစတင်အကဲဖြတ်ရန်အတွက် မေးခွန်းများကိုရဲတင်းစွာပွင့်ပွင့်လင်းမေးမြန်းရမည်

ကိုယ့်ကိုကိုယ်မိတ်ဆက်ခြင်း

Talking to a seated patient

"မဂ်လာပါ ကျွန်တော်နာမည်က__________. ဘယ်အဖွဲ့(အရေးပေါ်အဖွဲ့ ၊ကူညီရေးအသင်း၊မီးသတ်တပ်ဖွဲ့" ကပါ,ဒီနေ့ဘာများကူညီပေးရမလဲ စသည်ဖြင့် စစခြင်းတော့ကိုယ့်ကိုကိုယ်ဘယ်သူဘယ်ဝါပြောပြီးမိတ်ဆက်ရသည်မှာထူးဆန်းနေသကဲ့သိုဖြစ်လိမ့်မည်သို့သော် ထိုကဲ့သို့အချိန်မျိုးတွင်လူနာများသည်‌ကြောက်ရွံ့၍ရှုပ်ထွေးနေသောဘအချိန်ဖြစ်သည်။ ထိုကဲ့‌သို့ပြောခြင်းဖြင့်လူနာများအားစိတ်ချစွာ မိမိအားယုံကြည်လာစေပါသည် ။ အမူရာဖြင့်တုန့်ပြန်မှုအားကြည့်ရှု၍လူနာဘာခံစား‌‌နေရသလဲ ပြီးနောက် လူနာပတ်ဝန်းကျင်ရှိအခြားသူများဘယ်လိုတုန့်ပြန်သလဲစသည်ဖြင့်အကဲဖြက်ရမည်။ မိမိမေးမြန်းသည့်သူမှအဆင်ပြေပါသည်ဟုပြောလျှင် မိမိသည် လူများမှားနေသလားဟု ပတ်ဝန်းကျင်ကိုထပ်ပြီးလေ့လာရမည်

မတုန့်ပြန်နိုင်သောလူနာ

လူနာမှတုန့်ပြန်နိုင်ပါသလား? အကယ်၍လူနာမှမတုန့်ပြန်သည်ရှိသော် မိမိကိုယ်တိုင်မှ လူနာသတိ/တုန့်ပြန်မှုရှိမရှိမိမိကိုယ်တိုင်စစ်ဆေးရမည်။ CAB နည်းအတိုင်းစစ်ဆေးရမည်

အထက်ပါနည်းအတိုင်းအကဲဖြတ်ရမည် ။တစ်ချိန်ထဲတွင် လူနာထံမှာတုန့်ပြန်မှုရှိမရှိစစ်ဆေး၍အသံကျယ်လောင်စွာအော်ခေါ်ခြင်း "ဦးလေးရေ၊ဒေါ်လေးရေ၊ ထပါအုံး" ၊ လက်ဖြင့်ပခုံးအားပုတ်၍လှုပ်၍ ခေါ်ကြည့်ရမည်။လူနာမှထပ်ပြီးမတုန့်ပြန်သေးလျှင် မိမိမှပြင်းထန်သောလှုံဆော်မှု(နှာခေါင်းနားတွင်ပြင်းထန်သောအနံရှိသည့်အရာရှူခိုင်းခြင်း ၊ ညှပ်ရိုးအောက်နားကိုလက်ဖြင့်ဆွဲစိတ်ခြင်း၊မွေကင်းစကလေးငယ်များတွင် ခြေဖဝါးအားတုတ်သို့မဟာတ်ဘောပင်အဖုံးဖြင့် ပွတ်ခြင်း) စသည်တို့ဖြင့်တုန့်ပြန်မှုရှိမရှိစစ်ဆေးရမည်။ လူနာမှထပ်ပြီးတုန့်ပြန်မှုများမရှိသေးလျှင်လူနာအားသတိလစ်သည်ဟုယူဆကာပတ်ဝန်းကျင်အား "ဘယ်အချိန်နောက်ဆုံးလူနာပုံမှန်ရှိသလဲ" မေးမြန်းရမည်

Young woman checking the carotid pulse
Rescuers Opening Airways
Rescuer Looking for Breathing

သတိရှိလူနာများ

မေးခွန်းများအားတုန့်ပြန်နိုင်သောလူနာများအား ABCDE နည်းလမ်း (Airway, Breathing, Circulation, Disability, Environment) ကိုကြည့်၍ကနဦးအကဲဖြတ်ခြင်းအားဆောင်ရွက်ရမည်။ မိမိတို့သည်တူညီသောအ‌ရာများကိုသာစမ်းသပ်နေခြင်းဖြစ်ပြီးအစဉ်လိုက်မတူခြင်းသာဖြစ်သည်ကိုမှတ်သားထားပါ။ အစဉ်လိုက်လုပ်ဆောင်ရန်လည်းအရေးမကြီးပါ။အကယ်၍စစ်ဆေးရန်အဆင့်ကျော်သွားပါကပြန်၍စစ်ဆေးအကဲဖြက်နိုင်ပါသည်။အကယ်၍လူနာအား "ဒီနေ့ဘယ်လိုဖြစ်လဲ" ဟုမေးသောအခါ လူနာဘယ်လိုဖြေလဲ။ လူနာတုန့်ပြန်သောအဖြေကို (အဓိကခံစားရသည့်ဝေဒနာ chief complaint) ဟုခေါ်ပြီးကျွန်တော်တို့အား ထပ်ဆင့်အကဲဖြက်ရန်အကြမ်းဖျင်းနည်းလမ်းပေးသည်။ လူနာ့၏အဓိကခံစားနေရသည့်ဝေဒနာအား သိရခြင်းသည် ရှေ့ဆက်ရှာဖွေရမည့်နည်းလမ်း အား လမ်းပြပေးသည့်အဓိကလမ်းညွှန်ဖြစ်သည်။ နောက်တစ်ဆင့်အနေဖြင့်အောက်ပါအချက်များကိုကြည့်ရန်လိုပါသည်။

Checking Difficulty Breathing
Checking the Radial Pulse

ကြမ်းတမ်းသောလူများ။ဤမေးခွန်းများသည် လူနာ၏အသက်ရှင်ရန်အဓိကလိုအပ်သောအဂ်ါများဖြစ်သောနှလုံး၊အဆုတ်နှင့်ဦးနှောက် အဓိကအရေးပါသည်။ မိမိတို့သည် လေဝင်လေထွက်ကောင်းသောအဆုတ်၊ကောင်းမွန်စွာသွေးလည်ပတ်နိုင်ရန်နှလုံး၊စဉ်းစားတွေးခေါ်နိုင်သောဦးနှောက်တို့အားလိုအပ်ပါသည်။အကယ်၍အထက်ပါလုပ်ဆောင်ချက်များကောင်းမွန်စွာမလုပ်ဆောင်နိုင်ပါကမိမိတို့တွင်အခက်ခဲဖြစ်နိုင်သည်။အထက်ဖော်ပြပါမေးခွန်းများသည်အခင်းအခြေနေတစ်ခုအားမည်ကဲ့သို့ချဉ်းကပ်နိုင်သည်ကိုလမ်းညွှန်ပေးသည်။ သို့သော်အခင်းအပေါ်မူတည်၍အ‌‌ခြေအနေပြောင်းလဲနိုင်သောကြောင့်မတူညီသော ချဉ်းကပ်မှုများလိုအပ်နိုင်သည်။ ‌ဥပမာအားဖြင့်မိမိတို့အခင်းဖြစ်ပွားရာနေရာ၌လူနာသည်သွေးထွက်သံယိုဖြစ်၍အော်ငိုနေသည်။ကျွန်တော်တို့သည်လူနာသတိရှိနေကြောင်းလူနာအော်နေသောကြောင့်သိရသည်။လူနာ၏အသက်ရှူလမ်းကြောင်းပွင့်နေသောကြောင့်သာအော်နိုင်ခြင်းဖြစ်သည်။ထို့ကြောင့်သွေးတိတ်ရန်သာဦးစွာလုပ်ဆောင်ရမည်ကိုသိရှိရမည်။

နိဂုံးချုပ်ခြင်း

ကနဦးအကဲဖြတ်မှုသည် လူနာ၏ အသက်အန္တရာယ်ရှိစေသော အခြေအနေများကို စစ်ဆေးရန်နှင့် ရောဂါအခြေအနေအား လမ်းညွှန်ရန်အတွက် ကူညီပေးနိုင်ပါသည်။ ထို့နောက် လူနာ၏အခြေအနေကို ပိုမိုအသေးစိတ်နားလည်ရန် အခြားအကဲဖြတ်မှုများ ပြုလုပ်နိုင်ပါသည်။ထိခိုက်ဒဏ်ရာနှင့်ပတ်သက်သောအမှုများအတွက်တော့ ကနဦးအကဲဖြတ်မှုပြီးဆုံးပြီးလျင် အခြားဒဏ်ရာများကို ရှာဖွေသည့် ခန္ဓာကိုယ်စစ်ဆေးမှု (physical exam) ကို ဆက်လက်ဆောင်ရွက်လေ့ရှိပြီး၊ အခြားသောဆေးဘက်ဆိုင်ရာအခြေအနေများတွင် ပထမအကဲဖြတ်ပြီးလျင် လူနာသမိုင်းကြောင်း (patient history) ကို စုပေါင်းသိရှိလေ့ရှိပါသည်။ထိခိုက်ဒဏ်ရာနှင့် ဆေးဘက်ဆိုင်ရာအကဲဖြတ်မှုနှစ်မျိုးစလုံးတွင် ခန္ဓာကိုယ်စစ်ဆေးမှုနှင့် လူနာသမိုင်းကြောင်း စုဆောင်းမှုများပါဝင်သော်လည်း ဆောင်ရွက်သော အဆင့်သတ်မှတ်မှုတွင် မတူညီမှုများ ရှိသည်။

ထိုင်းဘာသာသို့ပြန်ဆိုပေးသူ K.Kunsirilanchakorn Kongpok တို့ကိုကျေးဇူးတင်ပါသည်။ ဤစာစဉ်နှင့်အတူ လူထုအကျိူးပြုဝန်ထမ်းများအတွက် သင်တန်းဖြစ်မြောက်ရေးကိုဆောင်ရွက်ပေးသော သစ်ရိပ်ဖောင်ဒေးရှင်း ၊ သင်တန်းတွင်း ဆေးဘက်ဆိုင်ရာအပိုင်းကို ကူညီသင်ပြပေးသော ဒေါက်တာကေ (ဒေါက်တာကျော်စိုးနိုင်) နှင့် မြန်မာဘာသာသို့ ပြန်ဆိုပေးသော ဒေါက်တာဟန်နီ တို့ကို အထူးပဲကျေးဇူးတင်အပ်ပါသည်။

ကိုးကား

McEvoy, D., Moore, G., and Blelcher, J. (2012). Wilderness Medicine 12th Edition. Missoula, MT: Aerie Backcountry Medicine.

McNamara, E. C. (2020). Outdoor Emergency Care: A Patroller’s Guide to Medical Care (6th Edition). Burlington, MA: Jones and Bartlett Learning.