We intend for this section to focus on providing CPR to a patient and assume that beginning parts of scene size-up, scene safety, and an initial assessment of an unconscious patient has already occured. အချိန်မီထိရောက်စွာ CPR ပြုလုပ်ပေးခြင်းသည် လူနာ၏ အသက်ရှင်နိုင်ခြေကို သိသိသာသာ မြင့်တက်စေကြောင်း နားလည်ထားပါသည်။
- လူနာ၏ အခြေအနေအကဲဖြတ်ခြင်း
- လူနာသည် သတိလစ်နေခြင်း၊
- အသက်မရှူခြင်း (သို့) ပုံမှန်မဟုတ်သော အသက်ရှူမှု၊
- လည်ပင်းရှိသွေးလွှတ်ကြောမကြီးကို သွေးခုန်နှုန်းမရှိခြင်းတို့ကို စစ်ဆေးပါ။
- လူနာသည် သတိလစ်နေခြင်း၊
- နှလုံးခုန်ရပ်နေကြောင်း သိရှိပါက ချက်ချင်း အရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီ (သို့) အနီးနားရှိသူများအား အကူအညီခေါ်ရန် ပြောပါ။
- AED/အလိုအလျောက်လျှပ်စီးဖြင့်အသက်ကယ်စက် ရှာဖွေခြင်း အနီးတစ်ဝိုက်တွင် AED (သို့) defibrillator ရှိပါက လူတစ်ဦးအား ယင်းပစ္စည်းနှင့် အရေးပေါ်ဆေးကိရိယာများကို မြန်မြန်ယူလာရန် အကူအညီတောင်းပါ။
- CPR စတင်ရန် ပြင်ဆင်ခြင်း
- လူနာကို ပြန့်တန်းသော မာကျောသည့်မျက်နှာပြင်ပေါ်သို့ ရွှေ့ပါ။
- လူနာကို ပက်လက်အနေအထား ဖြင့် ထားပါ။
ရင်ဘတ်ဖိနှိပ်ပြီး နှလုံးခုန်နှိုးဆွခြင်း (Compressions)
High quality compressions form the foundation of effective CPR.
- လူနာ၏ရင်ဘတ်ကိုစမ်းပြီး ရင်ညွန့်ရိုး (sternum) ကိုရှာပါ။
- လက်တစ်ဖက်၏လက်ဝါးအောက်ခြေကို ရင်ညွန့်ရိုး၏အောက်ပိုင်း၊ ရင်ဘတ်အလယ်ဗဟိုတွင်ထားပါ။ အခြားလက်ဖြင့် ပထမလက်၏အပေါ်မှထပ်တင်ပါ။
- လက်မောင်းများကိုဖြောင့်အောင်ထားပြီး ပခုံးကိုလက်ပေါ်တိုက်ရိုက်တည့်မတ်စွာထားပါ။
- ဖိအားတစ်ကြိမ်စီတွင် အနည်းဆုံး ၅ စင်တီမီတာ (၂ လက်မ) နက်အောင်ဖိပါ (ကလေးနှင့်လူကောင်သေးသူများအတွက် ရင်ဘတ်အထူ၏ ၁/၃ အထိ)။ ဖိအားပေးစဉ် ရင်ညွန့်ရိုးကိုတိုက်ရိုက်ဖိပါ။ ဖိပြီးတိုင်း ရင်ဘတ်ပြန်ပြည့်အောင် လက်လျှော့ပေးပါ။
- တစ်မိနစ်လျှင် ၁၀၀-၁၂၀ အကြိမ်နှုန်းဖြင့် ဖိအားပေးပါ။ ၃၀ ကြိမ်တစ်စု ရေတွက်ပါ။
အသက်ရှုလမ်းကြောင်းနှင့် အသက်ရှူသွင်းခြင်း (Airway and Breathing)
အရေးပေါ်အခြေအနေကိုတွေ့ရှိသော်လည်း လေ့ကျင့်မှုနည်းပါးပြီး ကိရိယာပစ္စည်းမပြည့်စုံသော တစ်ဦးတည်းကယ်ဆယ်သူအနေဖြင့် ထပ်တိုးအကူအညီမရောက်မချင်း ရင်ဘတ်ဖိအားပေးခြင်းကိုသာ ဆောင်ရွက်နိုင်ပါသည်။ လေလမ်းကြောင်းနှင့် အသက်ရှူသွင်းခြင်းအတွက် အကူအညီပေးရန် -
- လေလမ်းကြောင်းဖွင့်ရန် နည်းလမ်း ၂ မျိုးထဲမှ တစ်မျိုးကိုသုံးပါ
- ခေါင်းကိုမော့ပြီး မေးစေ့ကိုမတင်ပါ (Head tilt–chin lift)
- မေးရိုးကိုရှေ့သို့တွန်းပါ (Jaw thrust)
- ခေါင်းကိုမော့ပြီး မေးစေ့ကိုမတင်ပါ (Head tilt–chin lift)
- မျက်နှာအုပ် mask သုံးပါက နှာခေါင်းအရိုးကို mask နေရာချရန် လမ်းညွှန်အဖြစ်သုံးကာ မျက်နှာအုပ်/mask ကိုလူနာ၏မျက်နှာပေါ်တွင်ဝတ်ဆင်ပေးပါ
- လက်ချောင်းကိုအသုံးပြု၍မျက်နှာဖုံးကိုလူနာ၏မျက်နှာနှင့်အံကိုက်စေရန် ဖိပေးပါ
- ၁ စက္ကန့်စီကြာမြင့်သည့် အသက်ရှူသွင်းမှု ၂ ကြိမ်ပေးပါ (ရင်ဘတ်မြင့်တက်မှုကိုစောင့်ကြည့်ပါ)။ ၁၀ စက္ကန့်အတွင်း ရင်ဘတ်ဖိအားပေးခြင်းကိုပြန်လည်စတင်ပါ
CPR ပြုလုပ်ရာတွင် ၃၀ နှလုံးဖိအားပေးနှိုးဆွခြင်း : ၂ ကြိမ်အသက်ရှူသွင်းခြင်း ပြုလုပ်ရပါမည်
အရေးပေါ်သုံး အလိုအလျောက် နှလုံးလျှပ်စီးနှိးဆွကိရိယာ (AED)
AED သည် ပေါ့ပါးလွယ်ကူစွာ သယ်ဆောင်နိုင်သော ကိရိယာတစ်မျိုးဖြစ်ပြီး သေစေနိုင်သည့် နှလုံးခုန်မမှန်မှုများကို ရှာဖွေဖော်ထုတ်ကာ လျှပ်စီးဓာတ်ဖြင့် ထိုမူမမှန်မှုများကို ဖျက်သိမ်း/ပြုပြင် ပေးနိုင်ပါသည်။ AED ရောက်ရှိလာပါက ရင်ဘတ်ဖိအားပေးခြင်းကို ခဏရပ်ပြီး AED ဖြင့် နှလုံးခုန်နှုန်း/စည်းချက် ကို စစ်ဆေးပါ။ -
- AED အိတ်ကိုဖွင့်ပါ။ လိုအပ်ပါက ပါဝါဖွင့်ပါ တချို့စက်များသည် အဖုံးဖွင့်လိုက်သည်နှင့် အလိုအလျောက်ဖွင့်သွားပါမည်။
- AED မှပေးသော အသံ/စာသားညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။
- AED ပလာစတာများကို လူနာ၏ ချွတ်ထားသောရင်ဘတ်ပေါ်တွင် ကပ်ပါ။ ပလာစတာ၏ကြိုးများကို AED နှင့်ချိတ်ဆက်ပါ (တချို့ AED များတွင် ကြိုးများကြိုတင်ချိတ်ဆက်ထားပြီးဖြစ်ပါမည်)။
- AED က "စစ်ဆေးနေသည်" ဟုပြောသောအခါ လူနာနှင့်အနီးတွင် မည်သူမျှမထိမိစေရန် သေချာစွာခွာနေပါ။
- 5. AED က လျှပ်စီးဓာတ်ပေးရန် အကြံပြုပါက -
- လူနာနှင့်မည်သူမျှမထိမိစေရန် သေချာစွာခွာနေပါ
- "လူနာနှင့်ခွာပါ" ဟု အသံကျယ်ကျယ်ဖြင့် သတိပေးပါ
- မည်သူမျှမထိမိကြောင်း သေချာစွာစစ်ဆေးပြီးမှ လျှပ်စီးဓာတ်ပေးရန် ခလုတ်ကိုနှိပ်ပါ
- လျှပ်စီးဓာတ်မလိုအပ်ပါက (သို့) လျှပ်စီးဓာတ်ပေးပြီးပါက ချက်ချင်းရင်ဘတ်ဖိအားပေးနှိုးဆွခြင်းကို ဆက်လုပ်ပါ
၅ ကြိမ်စာ CPR (အကြိမ်တိုင်း ၃၀ ဖိအားနှင့် ၂ ခါလေရှုသွင်း) ပြီးလျှင် (သို့) ၂ မိနစ်ကြာ CPR လုပ်ပြီးနောက် လူနာ၏ သွေးခုန်နူန်း ပြန်ရှိမရှိ စစ်ဆေးပါ သွေးခုန်းနူန်းပြန်ပေါ်လာပါက လူနာကို ပက်လက်အနေအထားအတိုင်းထားပြီး ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ
သွေူခုန်နူန်းပြန်မြအ့ပေါ်ပါက အောက်ပါအခြေအနေများအထိ CPR ကို ဆက်လုပ်ပါ -
- ကျန်းမာရေးဝန်ဆောင်မှုရရှိသောနေရာများ (ပြည်သူ့ဆေးခန်းများ၊ လူနာတင်ယာဉ်များ) တွင် ကျန်းမာရေးဝန်ထမ်းများ လာရောက်အစားထိုးသည်အထိ ဆက်လုပ်ပါ။
- ကျန်းမာရေးဝန်ဆောင်မှုမရရှိသော ဝေးလံခေါင်ဖျားဒေသများတွင် -
- ရေနစ်ခြင်း သို့မဟုတ် လျှပ်စစ်ဓာတ်လိုက်ခြင်းတို့ တွေ့ကြုံရသောလူနာအတွက် သွေးခုန်နူန်းပြန်မပေါ်ပါက ၃၀ မိနစ်အကြာတွင် CPR ကိုရပ်ပါ။
- ကလေးနှင့် မွေးကင်းစကလေးငယ်များအတွက် သွေးခုန်နူန်းပြန်မပေါ်ပါက ၃၀ မိနစ်အကြာတွင် CPR ကိုရပ်ပါ။
- နှလုံးရပ်သွားသောလူနာများအတွက် သွေးခုန်နူန်းပြန်မပေါ်ပါက ၁၁ မိနစ်အကြာတွင် CPR ကိုရပ်ပါ။
Consider switching people compressing the heart every 2 minutes. ထိရောက်သော အဖွဲ့လိုက်လုပ်ဆောင်မှုသည် လူနာကိုကယ်တင်နိုင်မှုအခွင့်အလမ်းကို သိသိသာသာတိုးမြင့်စေပါသည်။
Thank you to Hazel and her brothers for helping with the photos, along with the Pitakkarn Foundation. Thanks to Dr. K and Dr. Honey for help with the Burmese translation.
ကိုးကား
American Heart Association BLS Project Team. (2016). Basic Life Support Provider Manual. Dallas, Texas: American Heart Association.
Boy Scouts of America. (2017). Wilderness First Aid Cirriculum and Doctrine Guidelines. Irving, Texas: Boy Scouts of America.
Disque, Karl. (2025). ACLS – Advanced Cardiac Life Support Provider Handbook. Las Vegas, NV: Satori Continuum Publishing.
National Park Service. (2018). Emergency Medical Services Protocols and Procedures. Washington, D.C.: U.S. Department of the Interior.















