လူနာကိုစနစ်တကျ စစ်ဆေးသုံးသပ်ရာတွင် အစိတ်ပိုင်းများစွာပါဝင်ပါသည်။ လူနာ၏ရောဂါသမိုင်းကြောင်းကို ယူရာတွင် မေးခွန်းများစွာကို မေးမြန်းရသလို၊ လူနာအတွင်းဖြစ်ပေါ် နေသောအခြေနေများကို တိကျစွာ သိနိုင်ရန် အချက်အလက်များနှင့် တိုင်းတာမူများသည် အလွန်အရေးကြီးပါသည်။ ထိုတိုင်းတာမှုများသည် လူနာ၏ အရေကြီးသော ကျန်းမာရေးလက္ခဏာများဖြစ်ပြီး လူနာ၏အသက်ရှင်မှုနှင့် ခန္ဓာကိုယ် လုပ်ဆောင်ချက်များကိုပြသပေးသည်။ အောက်တွက် လူနာပြုစု စောင့်ရှောက်မှုတွင် အသုံးများသော ကျန်းမာရေးလက္ခဏာများကိုဖော်ပြထားပါသည်။
အခြေခံ ကျန်းမာရေးလက္ခဏာများ (Basic Vital Signs)
ဤအချက်များသည် မည်သည့်အဆင့်ရှိသော ကျန်းမာရေးဝန်ထမ်းမဆို တိုင်းတာနိုင်ပြီး လူနာအများစုအတွက်မဖြစ်မနေ စစ်ဆေးရမည့် အခြေခံအချက်များဖြစ်သည်။ အသင်းအဖွဲ့ဝင်တစ်ဦးသည် လူနာကိုမေးမြန်းနေစဥ် အခြားသောအဖွဲ့ဝင်တစ်ဦးသည် လေးစားသင့်လျော်စွာ ကျန်းမာရေးလက္ခဏာများကိုတိုင်းတာနိုင်သည်။
- နှလုံးခုန်နူန်းတိုင်းတာခြင်း (Heart Rate) 💓
- အသက်ရှုနူန်း (Respiratory Rate) 🫁
- သွေးတွင်းအောက်စီဂျင်တိုင်းတာခြင်း (Pulse Oximetry) O2
- သွေးပေါင်ချိန်တိုင်းတာခြင်း (Blood Pressure) (↖)
- အပူချိန် (Temperature) 🌡
ထပ်ဆောင်း အရေးကြီးကျန်းမာရေးလက္ခဏာများ (Additional Vital Signs)
အခြေအနေအလိုက် အခြားသော ကျန်းမာရေးလက္ခဏာများနှင့်လည်းတိုင်းတာနိုင်သည်။ ယင်းတို့သည် များသောအားဖြင့် အရေးပေါ် ဝန်းထမ်း ( ambulance level providers ) များ၏ ကျွမ်းကျင်မှုအဆင့်တွင်အတွက်ဖြစ်ပြီး ပုံမှန် ရှေးဦးသူနာပြုသူ ( First aid ) များအတွက် မဟုတ်ပါ။
- Lung Sounds 🩺
- Blood Glucose Level 🩸
- Skin 💧
- Pupils 👁 👁
- Glasgow Coma Scale 🧠
သတိပြုရန်
ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စက်ကိရိယာများကို မဟုတ်ဘဲ လူနာကိုသာ ကုသရမည် ဖြစ်သည်ကို အမြဲ မှတ်သားထားရမည်။ ထို့ကြောင့် ကျန်းမာရေးလက္ခဏာများကို အမြဲတိုင်း အပြည့်စုံမှန်ကန်သည်ဟုမယူစဘဲ လမ်းညွှန်အချက်အလက်များ အဖြစ်သာအသုံးပြုသင့်သည်။ ကျန်းမာရေးလက္ခဏာများကို ပဟေဠိတုံးများအဖြစ် သဘောထား၍ အခြားလက္ခဏာများနှင့် ရောဂါအခြေနေများကို ပေါင်းစပ်သုံးသပ်ရာမှသာ လူနာ၏အခြေနေကိုပြည့်စုံစွာ နားလည်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးလက္ခဏာတစ်ခုထဲ၌ အဓိပ္ပါယ်ကိုပြည့်စုံအောင်မဖော်ပြနိုင်ပါ။
Thank you to the Shade Tree Foundation for making this article possible together with first aid training for community workers, to K. Mink for helping translate into Thai, to Dr. Honey for help translating the Burmese, and Dr. Kay (Dr Kyaw Soe Naing) for providing medical guidance. Emergency medical service is a team effort.
For more on patient assessment click here →